Saturday, March 01, 2008

new blog

blog အသစ်ပြောင်းလိုက်ပါတယ်။
http://kosi31.cocolog-nifty.com/blog/

I`ve changed new blog.
http://kosi31.cocolog-nifty.com/blog/

Saturday, October 13, 2007

My blog will be closed

My blog will be closed from 17/oct/2007(wed) to 29/feb/2008(fri) for my exam.

Tuesday, September 18, 2007

Norifumi Yamamoto (KID)


Norifumi Yamamoto

Nickname \ Kid
Height \ 5 ft 4 in (163 cm)
Weight \ 143 lb (65 kg)
Born \ March 15, 1977
Fighting out of\ Tokyo, Japan
Town of birth \ Kawasaki, Kanagawa, Japan
Fighting style \ Freestyle wrestling, folkstyle wrestling kickboxing

Mixed martial arts record
Wins\ 15
By knockout\ 11
By submission\ 2
Losses\ 1
Draws\ 0
No contests \ 1


video

Monday, September 17, 2007

အရေးထဲ

မနေ့က friendster ကနေ ကြောင်တောင်တောင် messageတစ်ခု
ရောက်လာတယ်။

ကျွန်တ်ာလည်း သူ့ထဲကို ၀င်ကြည့်မိလား မမိလား ကိုယ်ဘာသာ
သတိမထားမိပါဘူး။ ဟိုဝင်ဒီဝင်နဲ့ ၀င်မိတာလည်း ဖြစ်နိုင်ပါတယ်။
နောက်ပြီး သူ့ကို ဘယ်သူကများ gay လို့ပြောတယ်မသိဘူး။
မကြည့်နဲ့ဆိုမှ ကြည့်ချင်ပြီး ထပ်တောင်သွားကြည့်မိသေး။
မကြုံဖူးပေါင်။
ဒါကသူ့ရဲ့ friendster profile

Saturday, September 15, 2007

သင်္ဘောသားနှစ်ယောက်


ဟိုတလောက မြန်မာပြည်ကို ထိုင်းဘက်ကနေလှည့်ပြန်ခဲ့ရတယ်။
ထိုင်းကိုမနက် ၅နာရီလောက်ရောက်တယ်။
လေယာဉ်ပြောင်းဖို့က ၈နာရီလောက်မှဆိုတော့ အစောကြီးရှိသေးတာနဲ့
တစ်ယောက်တည်းထိုင်းပြီး တီဗွီကြည့်နေမိတယ်။
အဲဒီအချိန် အရပ်ပုပြတ်ပြတ် ခပ်၀၀တစ်ယောက်ကလာပြီးတော့
"ရွှေလား" ဆိုပြီးလာမေးတယ်။
ရုတ်တရက်ကြီးဆိုတော့ ကြောင်သွားတာပေါ့။
ရွှေ ဆိုတဲ့ စကားကို အင်တာနတ် ကတဆင့်ကြားတော့ကြားဖူးပါတယ်။
မြန်မာဆိုတဲ့ အဓိပ္ပာမှန်းသိပေမဲ့ ကိုယ်တိုင်အခေါ်ခံလိုက်ရတော့
နဲနဲ ကြက်သီးထသွားသလို ငါကွ မြန်မာကွ ဆိုတဲ့ ဘ၀င်မြင့်တဲ့စိတ်တောင်
ဝင်းသွားမိသလိုပဲ။
ဒါနဲ့ "ဟုတ်ကဲ့ ဗမာပါ" လို့ဖြေလိုက်ပါတယ်။
သူက သူလည်း ဗမာဖြစ်ကြောင်း သူ့သူငယ်ချင်းလည်းပါကြောင်းပြောရင်း
သူ့ သူငယ်ချင်းရှိတဲ့ အပေါ်ထပ်တတ်ခဲ့ကြတယ်။

သူတို့ ၂နှစ်ယောက်လုံးက သဘောင်္သားတွေ။
သူတို့လည်း ဗမာတစ်ယောက်ကို ပြန်တွေ့ရတော့ စကားတွေပြောချင်
ခင်ချင်နေတဲ့ပုံပါ။ ကိုယ်ချင်းစာမိပါတယ်။
သူတို့ က ဓာတုဗေဒ ပစ္စ္စည်းတွေတင်တဲ့ သင်္ဘောပေါ်မှာ လိုက်ခဲ့ရတာဖြစ်ကြောင်း၊
သိပ်ပြီးမပင်ပန်းပေမဲ့ လှိုင်းမှုးတဲ့ ဒဏ်တော်တော်ဆိုးကြောင်းတွေ ပြောပြပါတယ်။
ကျွန်တော် အစကထင်ထားခဲ့တာက သင်္ဘောလိုက်ရင် ကုန်းပတ်တိုက်တာတို့
သန့်ရှင်းရေးလုပ်တာတို့ စတဲ့ အလုပ်ကြမ်းတွေပဲလုပ်ရမယ်ထင်ထားခဲ့တာ။
အဲဒီလောက်မဆိုးဘူးပဲ။ စာချုပ်နဲ့ လုပ်ရတဲ့ အပြင် ထိခိုက်ဒဏ်ရာရရင်လည်း
ရော်ကြေးတွေဘာတွေရတယ်ဆိုပဲ။ လခလည်း မဆိုးတဲ့ပုံပဲ။
ဒါပေမဲ့ သဘောင်္ပေါ်မှာဆိုတော့ ပင်လယ်ထဲမှာ ထောင်ကျနေတာနဲ့ မထူးပါဘူးတဲ့။
အစားအသောက်လည်း ကောင်းကောင်းစားရပါတယ်တဲ့။
ကျွန်တော်က ငါးတွေချည်းစားရမယ်မှတ်နေတာ။
ဒါနဲ့ ပိုက်ဆံကျန်လားဆိုတော့ မကျန်ဘူးတဲ့။
ဆိပ်ကမ်းကပ်ရင် သုံးတာနဲ့ကုန်ရောဆိုပဲ။

သူတို့နဲ့ စကားပြောနေရင်း သူတို့ပြောတဲ့စကားထဲမှာ
"ရွာ" ဆိုတဲ့စကားလုံးပါပါလာတယ်။
ရွာရောက်ရင် ဘယ်သွားမယ်။ဘာလုပ်မယ်။ဘာစားမယ်နဲ့။
ရွာမှာဆိုရင်တော့ ဒီလိုဟုတ်မယ်မထင်ဘူးတို့ဘာတို့။
အစကဘာမှန်းမသိဘူး။ နောက်မှ သြော် "ရွာ"ဆိုတာ
မြန်မာနိုင်ငံကို ပြောတာပါလားလို့ သဘောပေါက်တော့တယ်။
သူတို့ပြောမှ ကိုယ်တောင်မှ သြော်ငါလည်းရွာသားပါလားလို့ တွေးရင်း
ခုနက မြင့်နေတဲ့ဘ၀င်တွေတောင် ၀ုန်းကနဲ အောက်ကိုပြုတ်ကျသွားတယ်။
အားတောင်ငယ်မိပါရဲ့။

ဒီလိုနဲ့ ရန်ကုန်လေဆိပ်ရောက်ရော သူတို့နှစ်ယောက်လည်း အိမ်က
လာကြိုတော့ အရမ်းကိုပျော်နေတဲ့ ပုံစံတွေနေ ထွက်သွားကြပါတယ်။
စကားတွေအပြောကောင်းနေခဲ့တာ email လေးဘာလေးတောင် မမေးခဲ့လိုက်ရဘူး။
ခဏလေး ရေစက်ဆုံပြီးတွေ့ခဲ့ရပေမဲ့ နှစ်ယောက်လုံး ခင်ဖို့ကောင်းပါတယ်။

Friday, September 14, 2007

Ayaka - Mikatsuki

Wednesday, September 12, 2007

မမေဓာဝီ အတွက်


ကျွန်တော် မမေဓာဝီကို မသိပါဘူး။ မြင်လည်းမမြင်ဘူးပါဘူး။
မမေဓာဝီရဲ့blog ကိုတော့ဖတ်ဖြစ်ပါတယ်။
ဒါလည်း အမြဲမဟုတ်ပါဘူး။ comment တွေဘာတွေလည်း
ဘာမှမရေးဘူးပါဘူး။ အဲဒီလိုပဲ မမေဓာဝီလည်း ကျွန်တော်ကို
မသိနိုင်သလို ကျွန်တော့် blogကို လာဖူးမှာမဟုတ်ပါဘူး။
အခု မမေဓာဝီကို ဖမ်းသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။သေချာလား မသေချာလားဆိုတာတော့ ကျွန်တော်လည်းမသိပါဘူး။မမေဓာဝီ နဲ့ မခင်ပေမဲ့
အဲဒီသတင်းကိုကြားပြီးတဲ့ အချိန်မှာ ကျွန်တော့်
စိတ်ထဲ တမျိုးကြီးဖြစ်နေတယ်။ စိတ်မကောင်းတာထက် ခံပြင်းတာပို
လိမ့်မယ်ထင်တယ်။ ပြောပြလို့ မရတဲ့ ခံစားမှုတမျိုး။ ဒီနေ့ ဒဲာဒီစိတ်နဲ့
အချိန်ပိုင်းအလုပ်မှာလည်း စိတ်မပါပဲ အမှားမှား အယွင်းယွင်းတွေဖြစ်မိ
တယ်။ ဘယ်လိုလဲဆိုတာတော့မပြောတတ်ဘူး။ တကယ်မဖြစ်ပါစေနဲ့လို့
တော့ ဆုတောင်းနေမိတယ်။ တကယ်ဖြစ်ခဲ့ရင်ရော ကျွန်တော်တို့ လူငယ်
တွေ ဒီအတိုင်း ခေါင်းငုံခံနေတောမှာလား။ ဘာမှမတတ်နိုင်တော့ဘူးလားလို့
တွေးမိနေတယ်။
< မမေဓာဝီ အဖမ်းခံရတယ်ဆိုတဲ့ သတင်း မမှန်ကြောင်းသိရပါတယ်။ sep 14>